အခုနှစ်ပိုင်းတွေ အတွင်းမှာ မောင်းသူမဲ့ ယာဉ်ပျံ ဒရုန်း (Drone) တွေ အလွန်ပဲ ခေတ်စားလာပါတယ်။ နိုင်ငံတကာမှာတင်မက မြန်မာပြည်မှာလဲ အတော် ခေတ်စားလာပြီး မြန်မာ့ရှုခင်းတွေကို ဒရုန်းနဲ့ ရိုက်ထားတဲ့ ဗီဒီယိုတွေတောင် Facebook မှာ မကြာခဏ တွေ့နေရပါတယ်။ နိုင်ငံတကာမှာဆို ဂူဂယ်တို့၊ အမေဇုံတို့က ပစ္စည်းတွေ သယ်ပို့တဲ့ နေရာမှာ သုံးဖို့တောင် စမ်းသပ်နေ ကြပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးသူ တွေကတော့ အသဲစွဲပေါ့။ တစ်ဖက်ကလဲ ဒီလိုဒရုံးတွေ သုံးလာတာ များလာတဲ့ အတွက်ကြောင့် ကိုယ်ေရးကိုယ်တာ ထိခိုက်လာတာတွေ၊ လုံခြုံရေးကို ထိခိုက်လာနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ ကိုယ်ပိုင် ရေကူးကန်ထဲ ရေကူးနေတာကို ချောင်းရိုက်တာမျိုးတွေ၊ ဒရုန်းက လေယာဉ်ပြေးလမ်းပေါ် ရောက်လာလို့ လေယာဉ်ပျက်ကျ နိုင်တာမျိုးတွေကစလို့ အကြမ်းဖက်သမားတွေ ဒရုန်းသုံးပြီး တိုက်ခိုက်မှုတွေ လုပ်လာတာ အထိ ဖြစ်နိုင်ပါတယ်။ ဒီလို ဒရုန်းတွေကို ဘယ်လို ထိန်းချုပ်မလဲဆိုတာ ပြဿနာတစ်ခု ဖြစ်လာပါတယ်။
ဒီပြဿနာအတွက် မခု ဒရုန်းရှီးလ် (Drone Shield) ကုမ္ပဏီကနေ နည်းဗျူဟာ ဒရုန်းသေနတ် (Drone Gun Tactical) ဆိုတာကို ထွင်လိုက်ပါတယ်။ ပုံမှာ မြင်ရသလို သိပ္ပံကားထဲက သေနတ်နဲ့ ခပ်ဆင်ဆင် လက်နက်ပါ။ သူက ဒရုန်းကို ပစ်ချမှာတော့ မဟုတ်ပါဘူး။ ဒရုန်းဆီကု ဦးတည်ပြီး လျှပ်စစ်သံလိုက်လှိုင်း (electromagnetic pulses) တွေ ပစ်လွှတ်မှာ ဖြစ်ပါတယ်။ ဒီ လျှပ်စစ်သံလိုက်လှိုင်း တွေက ဒရုန်းနဲ့ သူ့ကို ထိန်းချုပ်တဲ့ ရီမုတ်ကွန်ထရိုး ယူနစ်တွေ အကြားမှာ ရှိတဲ့ ဆက်သွယ်ရေး စနစ်တွေကို နှောင့်ယှက်ပြီး ဒရုန်းကို ထိန်းချုပ်ဆင်းသက် စေနိုင်ပါတယ်။ သူနဲ့ အလားတူ ဒီကုမ္ပဏီကပဲ ထုတ်တဲ့ Drone Gun ရဲ့ လုပ်ဆောင်ပုံကို အောက်က ဗွီဒီယိုမှာ တွေ့မြင်နိုင်ပါတယ်။
Source: CNET – New DroneGun has Blade Runner looks, can stop drones
Drone တွေကို ပစ်ချမယ့် Drone Gun Tactical
February 8, 2018
Other Posts
- ဗီးနပ်စ်ဂြိုဟ်မှာ သက်ရှိ ရှာကြမယ်
- လသို့လွှတ်တင်မည့် ဒုံးပျံခရီးစဉ် အချိန်ကပ်မှ ရွှေ့ဆိုင်းလိုက်ရ
- ဂျူပီတာရဲ့လ ယူရိုပါရဲ့ လေထုထဲမှာ ရေတွေ့ကြောင်း နာဆာက ကြေငြာ
- မဟာပိရမစ်ကြီး အတွင်း လှို့ဝှက်ခန်း ရှာတွေ့
- လ မြေသားမှ အောက်ဆီဂျင် အောင်မြင်စွာ ထုတ်ယူနိုင်ပြီ
- နာဆာက Black Hole ၂၂ ခုရဲ့ ဗီဒီယို ထုတ်ပြန်
- အဏုမြူ စွမ်းအင်သုံး ဒုံးအင်ဂျင် နာဆာစမ်းသပ်မည်
- မစ်ကီးဝေး ဂလက်ဆီထဲက လွင့်မျောနေတဲ့ တွယ်ရာမဲ့ သင်းကွဲဂြိုဟ်များ
- ဆုကြေး ဒေါ်လာ ၁ သန်းပေးမယ့် နာဆာရဲ့ ပြိုင်ပွဲ
- ဓါတ်ခွဲခန်းမွေး အသားကို စီးပွားဖြစ် ထုတ်လုပ်မယ့် အစ္စရေး
