Valentine Day ရယ်လို့ ဖြစ်လာစေတဲ့ Saint Valentine (သူတော်စင်ဗယ်လင်တိုင်း) ရဲ့ မျက်နှာကို ပညာရှင်တွေက 3D နဲ့ပြန်ပုံဖေါ်ကြည့်ခဲ့ပါတယ်။ သူ့ရဲ့ ဦးခေါင်းခွံရိုးကနေ ပြန်ပြီး 3D ကွန်ပြူတာ ပရိုဂရမ်နဲ့ ပုံဖေါ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၆၉ AD (လွန်ခဲ့တဲ့ ၁၇၄၉ နှစ်အလွန်) က အသတ်ခံခဲ့ရတယ်လို့ ယုံကြည်ကြပါတယ်။ ဒီ 3D ရုပ်ကြွကို ဘရာဇီးက 3D ပညာရှင် စစ်စီရိုမိုရေးစ်က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ကြွင်းလို့ ယူဆရတဲ့ အရိုးတွေကို အီတလီနိုင်ငံ မွန်ဆဲလစ်မြို့က စိန့်ဂျော့ချ် ဘုရာကျောင်းမှာ သိမ်းစည်းထားပါတယ်။ ဒီ 3D ဖန်တီးပြုလုပ်မှုကို ရိုမန်ကက်သလစ် ကျောင်းတော်က ခွင့်ပြုခဲ့တာဖြစ်ပြီး ဖန်းတီးမှုကိုလဲ ကျောင်းတော်က တာဝန်ရှိသူတွေက ကြီကြပ်ခဲ့ပါတယ်။ အခုရရှိတဲ့ ရုပ်ပုံအရ စိန့်ဗယ်လင်တိုင်းဟာ အရင်ရုပ်ပုံနဲ့ ပန်းချီတွေမှာ ဖေါ်ပြခဲ့တာထက် အများကြီး အသက်ငယ်နေတာ အောက်က ဗီဒီယိုမှာ တွေ့ရှိရပါတယ်။
စိန့်ဗယ်လင်တိုင်းရဲ့ မျက်နှာကို ပညာရှင်များက 3D ဖြင့်ပြန်ပုံဖေါ်
February 15, 2018
Other Posts
- ကလေးကကိုယ်လိုချင်တာမရလို့ ဝုန်းဒိုင်းကြဲ ပေါက်ကွဲရင် ဘယ်လိုဖြေရှင်းမလဲ
- မစ်ကီးဝေး ဂလက်ဆီထဲက လွင့်မျောနေတဲ့ တွယ်ရာမဲ့ သင်းကွဲဂြိုဟ်များ
- ကမ္ဘာ့အလယ်ဗဟို အူတိုင်ကိုဖြတ်ပြီး ပြုတ်ကျဖို့ အချိန်ဘယ်လောက် ကြာမလဲ
- ကမ္ဘာပေါ်မှာ အသက်ဇီဝ ဘယ်လို စဖြစ်လာလဲ
- အထက်တန်း ကျောင်းသားလေး သစ်သားနဲ့ ဆောက်ထားတဲ့ ကား
- နာဆာရဲ့ UFO ရှာဖွေရေး သုတေသန
- တရုတ်ပြည်က လကိုထိန်းချုပ်ရန် စစ်ရေးစီမံကိန်း အကောင်အထည်ဖော်နေဟု နာဆာမှ ပြောကြား
- တရုတ်အာကာသ စခန်းမှ ယာဉ်မှူးများ ရိုက်ကူးထားသော ဓါတ်ပုံများ
- အင်္ဂါဂြိုဟ်ပေါ်က ပင်လယ် ဘယ်လို ပျောက်ဆုံး သွားသလဲ
- ကြာသပတေးဂြိုဟ်ပေါ် လူသားတွေ ဆင်းနိုင်မလား
