တောင်ကိုရီးယား တပ်မတော်အတွက် တောင်ကိုးရီးယား ပြည်တွင်းမှာ ထုတ်လုပ်တဲ့ မျိုးဆက်သစ် မော်တာတွေ စတင်တပ်ဆင်နေပြီ ဖြစ်ပါတယ်။
အခုလက်နက်တွေဟာ ဒုတိယ မျိုးဆက်သစ် ၈၁မမ (စိန်ပြောင်း) မော်တာတွေ ဖြစ်ပြီး ဟွန်ဒိုင်းကုမ္ပဏီမှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ဒီ ဒုတိယ မျိုးဆက်သစ် မော်တာတွေကို ၂၀၂၁ ခုနှစ် ဇွန်လမှ စတင်ပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။
အခု ဒုတိယ မျိုးဆက်သစ် မော်တာတွေကို ၂၀၁၄ ခုနှစ်ကတဲက စတင်စမ်းသပ် တီထွင်ခဲ့ပြီး ၂၀၁၉ ခုနှစ်ထဲမှာ စတင်ပြီး ပစ်ခတ်စမ်းသပ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီမော်တာကို 81 mm Mortar-II လို့ အမည်ပေး ထားပါတယ်။
ဒီမော်တာဟာ ပထမ မျိုးဆက် မော်တာတွေထက် ၂၀% ပိုမိုပေါ့ပါးပါတယ်။ ပစ်ခတ်ဖို့လဲ အဖွဲ့သား ၄ ယောက်ပဲ လိုအပ်ပါတယ်။ (သာမန်မော်တာတွေက ၅ ယောက်လိုပါတယ်။)
ဒီအဆင့်မြင့် မျိုးဆက်သစ် မော်တာ စနစ်ရဲ့ ထူးခြားချက်ကတော့ လေဆာ အကွာအဝေးတိုင်း ကိရိယာနဲ့ GPS တွေနဲ့ ချိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။
ဒီ လေဆာ အကွာအဝေးတိုင်း မှန်ပြောင်းနဲ့ GPS တွေအကူအညီနဲ့ ပစ်မှတ်ရဲ့ တည်နေရာနဲ့ အကွာအဝေးကို အလွယ်တကူ တိကျစွာ ရှာဖွပေးနိုင်မှာ ဖြစ်သလို လိုအပ်တဲ့ ချိန်တွယ်မှုတွေကိုလဲ မြန်ဆန်တိကျစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ရလဒ်ကတော့ ပစ်မှတ်တွေကို ပိုမိုမြန်ဆန်စွာ ပစ်ခတ်နိုင်မှာ ဖြစ်သလို ပိုလဲ တိကျစွာ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။
မော်တာရဲ့ ကွန်ပြူတာက ရရှိတဲ့ အချက်အလက်တွေအရ မော်တာပြောင်းကို အလိုအလျောက် ချိန်ရွယ်ပေးပါတယ်။ ဒါ့ကြောင့် ပြစ်မှတ်ကို ရှောတွေ့ချိန်ကနေ အချိန်တို အတွင်းမှာ တိကျတဲ့ ပစ်ခတ်မှုတွေကို လုပ်ဆောင်နိုင်စွမ်း ရှိတာဖြစ်ပါတယ်။
ဒါ့အပြင် မော်တာမှာ တပ်ဆင်တဲ့ ချိန်တွယ်မှန်ပြောင်း နေရာမှာလဲ လေဆာချိန်ခွက်နဲ့ အစားထိုးထားပါတယ်။ ဒါ့ကြောင့် ကွန်ပြူတာ ပျက်သွားခဲ့ရင်တောင် ပစ်မှတ်ကို လျင်မြန်တိကျစွာ ဆက်လက်ပစ်ခတ် သွားနိုင်မှာ ဖြစ်ပါတယ်။
Reference: Janes Defense Weekly
တောင်ကိုရီးယား တပ်မတော်ရဲ့ ၈၁ မမ မော်တာအသစ်
February 24, 2022
Other Posts
- လကမ္ဘာမှာ ဝတ်မယ့် အာကာသ ဝတ်စုံ နာဆာထုတ်ဖော်ပြသ
- လူ ၁၈၀၀ ကျော် သေဆုံးခဲ့တဲ့ ကင်မရွန်းက ရေကန် ပေါက်ကွဲမှု
- အဏုမြူ စွမ်းအင်သုံး ဒုံးအင်ဂျင် နာဆာစမ်းသပ်မည်
- လူတိုင်းအတွက်် စကြဝဠာ (Astrophysics for People in a Hurry) – အပိုင်း (၄)
- မစ်ကီးဝေးရဲ့ ဗဟိုက Black hole ကြီးရဲ့ ပထမဆုံး ပုံရိပ်
- အလုံပိတ်ထားသော ရှေးအီဂျစ် ခေါင်းတလား ၆ ခုအတွင်းမှ ပစ္စည်းများ ဖော်ထုတ်နိုင်ပြီ
- တစ်ရက် ဥက္ကာပျံ ဘယ်နှစ်စင်း ကမ္ဘာကို လာမှန်သလဲ
- ကမ္ဘာ့ ပထမဆုံး လေယဉ်တင် လေဆာ လက်နက်
- အလွန်လျှင်မြန်စွာ ကြီးထွားလာနေသော black hole ကြီးတစ်ခု ရှာတွေ့
- အပြည်ပြည် ဆိုင်ရာ အာကာသစခန်း ၂၀၃၁ မှာ ပျက်ကျမယ်
