ဒီ ဒူဂေါင် နဲ့ မနားတီးစ် ရေဝက်တွေကို တချိန်က ပင်လယ်ထဲ ခရီးသွားတဲ့ သင်္ဘောသား တွေက မြင်ပြီး ရေသူမ လို့ အမြင်မှားခဲ့ ကြတာ ဖြစ်မယ်လို့လဲ အချို့သော ပညာရှင် တွေက ယူဆ ကြပါတယ်။
ဒီ ဒူဂေါင် ရေဝက်တွေဟာ တရုတ်ပင်လယ်ပြင် အတွင်းမှာ နှစ် ရာပေါင်းများစွာ ရှင်သန် ပေါက်ဖွား နေထိုင် ခဲ့ကြပါတယ်။ သူတို့ အဓိက စားသုံးတဲ့ အစားအစာ ကတော့ ပင်လယ် ကြမ်းပြင်မှာ ပေါက်နေတဲ့ ပင်လယ်မြက် (seagrass) တွေကို စားသောက်ပြီး အသက်ရှင် နေထိုင် ကြပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း တရုတ် ပင်လယ်ပြင် အတွင်းမှာ ဒူဂေါင်ရေဝက် တွေ တွေ့ရှိတယ် ဆိုတဲ့ မှတ်တမ်း မရှိတော့ ပါဘူး။ ဒါ့ကြောင့် နိုင်ငံတကာက ပညာရှင်တွေ ပါဝင်တဲ့ သုတေသန အဖွဲ့ဟာ တရုတ်ပင်လယ် အတွင်း ဒူဂေါင် လူဦးရေ စာရင်း ကောက်ယူမှု သုတေသန ပြုလုပ်ခဲ့ ကြပါတယ်။
ဒီ သုတေသန အဖွဲ့ဟာ တရုတ် ပြည် အနှံ့က ငါးဖမ်း ကျေးရွာတွေကို လိုက်လံပြီး ဒူဂေါင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လေ့လာ စုံစမ်းခဲ့ ကြတာ ဖြစ်ပါတယ်။
ဒူဂေါင် ရေဝက် တွေ့ရှိမှု မှတ်တမ်းတွေဟာ ၁၉၆၀ ဝန်းကျင်မှာ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဒီ့နောက် ၁၉၇၅ နောက်ပိုင်းမှာ ဒူဂေါင် တွေ့ရှိတယ် ဆိုတဲ့ သတင်းပို့ချက်တွေဟာ ကျဆင်း သွားခဲ့ပါတယ်။ ၂၀၀၈ နောက်ပိုင်းမှာတော့ ဒူဂေါင် တွေ့တယ် ဆိုတဲ့ ခိုင်မာတဲ့ သတင်းပို့ချက် မရရှိတော့ ပါဘူး။
Other Posts
- အာကာသထဲမှာ ဘယ်လိုအိမ်သာသွားမလဲ
- ရိုးရွိုက်စ်ရဲ့ ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်စွမ်းအားသုံး လေယာဉ်
- Hubble တယ်လီစကုပ်ကြီး၏ “စိတ်လှုပ်ရှားဖွယ် တွေ့ရှိချက်” ၃၀ ရက်နေ့တွင် တင်ပြမည်ဟု နာဆာကြေငြာ
- ကမ္ဘာနှင့် အရွယ်တူ ဂြိုဟ်များရှာတွေ့
- သစ်သားနဲ့ လုပ်တဲ့မှန်
- သဲနဲ့ လျှပ်စစ်အားပဲသုံးမယ့် ကွန်တိန်နာအရွယ် ဆိုလာပြားထုတ်စက်
- လေယာဉ်အင်ဂျင်သံကို ၈၀% ထိလျှော့ချပေးမယ့် ဂရပ်ဖင်း အသံလုံပစ္စည်း
- နာဆာက အသစ်လွှတ်တင်မယ့် Nancy Grace Roman တယ်လီစကုပ်ကြီး
- အာကာသတွင်းနက်ကြီး အစားခံလိုက်ရတဲ့ကြယ်
- စကြာဝဠာ အတွင်း အကြီးဆုံး ဂလက်ဆီကြီး ရှာတွေ့
