မိမိရဲ့ မိုဘိုင်းဖုန်းနဲ့ ဝေးဝေးနေဖို့ ကာလီဖိုးနီးယား ကျန်းမာရေး ဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ သုတေသနပြုချက်တွေအရ မိုဘိုင်းဖုန်း သုံးစွဲခြင်းဟာ ကင်ဆာရောဂါ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တွေနဲ့ မျိုးပွားခြင်း ဆိုင်ရာ ပြဿနာ တွေနဲ့ ဆက်စပ်နေတယ် ဆိုတာ တွေ့ ရှိလို့ပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက အခုထိ မိုဘိုင်းဖုန်း သုံးစွဲခြင်းနဲ့ ကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်တယ် လို့ အတိအကျ သက်သေ မပြနိုင်သေးပေမယ့် အထောက်အထား တွေအရ မိုဘိုင်းဖုန်းဟာ ကျန်းမာရေးကို ထိခိုက်နိုင်တယ် လို့ သံသယ ဖြစ်စရာတွေ တွေ့နေရပါတယ်။ အထူးသဖြင့် ကလေးတွေမှာ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
ကာလီဖိုးနီးယား ကျန်းမာရေး ဌာနရဲ့ သတိပေးချက်ဟာ ဘာကလေနဲ့ ဆန်ဖရန် စစ်စကို မြို့များရဲ့ သတိပေးချက်များ ထွက်ပေါ်လာ အပြီးမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အဓိက ကတော့ မိုဘိုင်းဖုန်းတွေက အသုံးပြုတဲ့ RF ရေဒီယို ဖရီကွင်စီဟာ ကျန်းမာရေးကို ထိခိုက်နိုင်လို့ပါ။ မိုဘိုင်းဖုန်းတွေက ထွက်လာတဲ့ ရေဒီယိုလှိုင်းတွေဟာ နဲပေမယ့် ကိုယ်ခန္ဓာနဲ့ နီးနီးကပ်ကပ် ထားရင် ထိခိုက်နိုင်ပါတယ်တဲ့။ အိုင်ဖုန်းထုတ်လုပ်တဲ့ Apple ကုမ္ပဏီ ကြီးကတော့ ရေဒီယို ဖရီကွင်စီ တွေကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်သည် ဆိုတဲ့ သတိပေး စာတမ်းကို အိုင်ဖုန်းဘူးတွေမှာ ထည့်သွင်းခဲ့တာ ကြာပါပြီ။ စပီကာဖုန်း၊ ဒါမှမဟုတ် hand-free နားကျပ်တွေကို အသုံးပြုဖို့လဲ အကြံပြု ထားပါတယ်။
ကာလီဖိုးနီးယား ကျန်းမာရေး ဌာနရဲ့ သတိပေးချက်မှာ မိုဘိုင်းဖုန်းက ရေဒီယို ဖရီကွင်စီ တွေဟာ ကလေးသူငယ်တွေရဲ့ ဦးခေါင်းခွံကို အလွယ်တကူ ဖေါက်ထွင်းပြီး ဖွံ့ဖြိုးဆဲ ဦးဏှောက်ကို ရောက်ရှိနိုင်တယ် လို့ဆိုပါတယ်။ ဒီ ရေဒီယိုလှိုင်းတွေဟာ ကလေးတွေရဲ့ ဦးဏှောက်ကို ပိုပြီးထိခိုက်စေနိုင်ပြီး ရေရှည်ဆိုးကြိုးတွေ ဖြစ်ပေါ် စေနိုင်တယ် လို့ဆိုပါတယ်။ ယခင် သုတေသန ပြုချက်တွေ အရတော့ မိုဘိုင်းဖုန်းကြောင့် ဦးဏှောက်နဲ့ နားမှာ ကင်ဆာ ဖြစ်စေနိုင်ပြီး လူငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ အာရုံစိုက်နိုင်စွမ်း အားနည်းတာတွေနဲ့ အိပ်မပျော်ခြင်း စတာတွေလဲ ဖြစ်စေနိုင်တယ် လို့ ဆိုထားပါတယ်။
အခြားသုတေသန တွေမှာတော့ အမျိုးသားတွေမှာ သုက်ပိုးအရေ အတွက်ကို ကျဆင်းစေပြီး သုက်ပိုးတွေရဲ့ အရည်အသွေး ကိုလဲ ကျဆင်းစေတယ်ဆိုတာ ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။
မိုဘိုင်းဖုန်းတွေကို လိုင်းအားနဲ နေချိန်တွေမှာ မသုံးစွဲဖို့၊ ကားထဲမှာ မသုံးစွဲဖို့၊ အိပ်စက်ချိန်မှာ ခေါင်းအုံးအောက် ထားပြီး မအိပ်ဖို့၊ ဘောင်းဘီ အိတ်ကပ်ထဲ မထည့်ဖို့ နဲ့ စကားပြောရင် hand-free သုံးပြီး ပြောဖို့ အကြံပြု ထားပါတယ်။
Source: Independent | Sleeping with your mobile phone could cause cancer and infertility, health officials warn
မိုဘိုင်းဖုန်းက သင့်ကျန်းမာရေးကို ထိခိုက်နိုင်သည်
February 2, 2018
Other Posts
- နွေယဉ်စွန်း နေအလင်းကို ဖမ်းယူသည့် နှစ် ၅,၄၀၀ သက်တမ်းရှိ ဂူသင်္ချိုင်း စပိန်တွင် ရှာဖွေတွေ့ရှိ
- မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်
- ဘာမြူဒါ တြိဂံ တကယ် ရှိသလား
- အင်္ဂါဂြိုဟ်ပေါ်က မျက်နှာကြီး
- လူတိုင်းအတွက်် စကြဝဠာ (Astrophysics for People in a Hurry) – အပိုင်း (၅)
- ဂျိမ်စ်းဝက်ဘ် တယ်လီစကုပ်ကြီး ဥက္ကာခဲ အသေးလေး ထိမှန်
- ထိုင်းနိုင်ငံတွင် ဒိုင်နိုဆော ခြေရာများ ရှာတွေ့
- ကြယ်ပေါက်ကွဲမှု ဖြစ်စဉ် အစအဆုံး မှတ်တမ်းတင်နိုင်ခဲ့
- ယူရေးနပ်စ် နဲ့ နက်ပ််ကျွန်း ဂြိုဟ်တွေမှာ တကယ်ပဲ စိန်မိုးတွေ ရွာနေသလား
- အာကာသယာဉ် မသုံးပဲ ကြယ်တွေဆီ ခရီးသွားမယ်
